သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏာ ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ၀ါ ပါပကံ ၀ါ၊ တဿ ဒါယာဒါ ဘ၀ိဿန္တိ။
၁။ သဗ္ဗေ၊ အလုံးစုံကုန်သော၊ သတ္တာ၊ သတ္တ၀ါတို့သည်။ ကမ္မဿကာ၊ မိမိတို့ပြုကြသော ကောင်းမှု မကောင်းမှု ၂-ပါးသည်သာလျှင် ဘ၀များစွာ ကမ္ဘာများစွာ သွားလေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
၂။ ကမ္မဒါယာဒါ ၊ မိမိတို့ပြုကြသော ကောင်းမှု မကောင်းမှု ၂-ပါးသည်သာလျှင် ဘ၀များစွာ ကမ္ဘာများစွာ သွားလေရာရာ မိမိတို့ သန္တာန်မှာ အစဉ်ပါသော အမွေဥစ္စာ ရှိကြလေကုန်၏။
၃။ ကမ္မယောနိ ၊ မိမိတို့ပြုကြသော ကောင်းမှု မကောင်းမှု ၂-ပါးသည်သာလျှင် ဘ၀များစွာ ကမ္ဘာများစွာ သွားလေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ပဓာနအကြောင်းအရင်း ရှိကြကုန်၏။
၎။ ကမ္မဗန္ဓု ၊ မိမိတို့ပြုကြသော ကောင်းမှုမမကောင်းမှု ၂-ပါးသည်သာလျှင် ဘ၀များစွာ ကမ္ဘာများစွာ သွားလေရာရာ အစဉ်ပါသော ဆွေမျိုးမိတ်စစ် ရှိကြလေကုန်၏။
၅။ ကမ္မပ္ပဋိဿရဏာ ၊ မိမိတို့ပြုကြသော ကောင်းမှု မကောင်းမှု ၂-ပါးသည်သာလျှင် ဘ၀များစွာ ကမ္ဘာများစွာ သွားလေရာရာ အစဉ်ပါသော ကိုးကွယ်ရာ လဲလျောင်းရာ ရှိကြကုန်၏။
၆။ကလျာဏံဝါ ၊ကောင်းသည်လည်းဖြစ်ထသော။ ပါပကံ ၀ါ ၊ မကောင်းသည်လည်းဖြစ်ထသော ။ ယံ ကမ္မံ ၊ အကြင် ကိုယ်အမှု နှုတ်အမှု စိတ်အမှုကို။ ကရိဿန္တိ ၊ပြုကြကုန်သည် ဖြစ်အံ့။ တဿ ။ ထိုမိမိတို့ ပြုကြသော ကောင်းမှု မကောင်းမှု ၂ပါး၏။ ဒါယာဒါ ၊ ကောင်းကျိုး မကောင်းကျိုးဟုဆိုအပ်သော ကောင်းမွေမျိုး ဆိုးမွေမျိုးကို ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ခံစံကြရကုန်သည်။ ဘဝိဿန္တိ ၊ ဖြစ်ကြကုန်လတ္တံ့။

No comments:
Post a Comment