နိဒါန်း
••••
၁။မျိုးစောင့်ဥပဒေဆိုသည်မှာ တိုင်းရင်းသား ၁၃၅မျိုးလုံးနှင့်
မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် လူမျိုးပေါင်းစုံတို့အတွက်
ပဋိပက္ခကိုလျော့နည်းစေပြီး ငြိမ်းချမ်းစွာနေထိုင်ရေးကို
ရည်ရွယ်သည့်ဥပဒေဖြစ်သည်။
ဥပဒေလိုအပ်ရသည့် အကြောင်းအရင်းအချို့
၂။မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံနှင့်
ဘာသာပေါင်းစုံတို့ ရှေးယခင်နှစ်ပေါင်းများစွာက
အတူနေထိုင်ခဲ့ကြသော်လည်း လူမျိုးရေး၊
ဘာသာရေးကြောင့် ကြီးမားသောပြဿနာမရှိခဲ့ပါ။
မိသားစုသဖွယ် တစ်ဦးနှင့်တစ်ဦး
တစ်အိမ်နှင့်တစ်အိမ်
ကူးလူးဆက်ဆံခဲ့ကြသည်။
လူမျိုးဘာသာဟူ၍ အစွဲအလန်းကြီးစွာမရှိခဲ့ကြပါ။
သို့ရာတွင်ဟ
ယခုနှစ်နောက်ပိုင်းများတွင် မြန်မာနိုင်ငံ အနှံ့အပြား၌
ဖြစ်ပေါ်လာသောပြဿနာများကို အောက်ပါအတိုင်းလေ့လာတွေ့ရှိရပါသည်။
(က)ဘာသာတစ်ခုမှ အခြားဘာသာဝင်များကို
မိမိဘာသာသို့ အတင်းအကြပ်
သွတ်သွင်းကူးပြောင်းစေခြင်း။
(ခ)ဘာသာမတူသည့်မိန်းကလေးများကို
နည်းမျိုးစုံဖြင့်ဖျားယောင်းသွေးဆောင်ခြင်းဖြင့်
လက်ထပ်၍ မိမိဘာသာသို့
အတင်းအကြပ်သွတ်သွင်းခြင်း။
(ဂ)ဘာသာမတူသည့်အရွယ်မရောက်သေးသော
မိန်းကလေးများကို နည်းမျိုးစုံဖြင့်လက်ထပ်ယူကာ
မိမိဘာသာသို့ အတင်းအကြပ်သွတ်သွင်းခြင်း။
(ဃ)ဘာသာမတူသည့်မိန်းကလေးများကို
လက်ထပ်သည့်အခါမိန်းကလေးမိဘ၏
ရိုးရာဓလေ့ကိုအလေးမထားမိန်းကလေးမိဘ၏
သဘောတူခွင့်ပြုချက်မယူပဲမိမိအလိုရှိသည့်အတိုင်း
မင်္ဂလာပွဲပြုလုပ်ခြင်း။
(င)ဘာသာမတူသည့်မိန်းကလေးများကို
အရွယ်မရောက်မှီကပင်
အဓမ္မပြုကျင့်ခြင်းများ
ရက်စက်စွာသတ်ဖြတ်ခြင်းများကို
ပြုလုပ်နေကြခြင်း။
(စ)ဘာသာမတူသည့်မိန်းကလေးများကို
မသမာသောနည်းလမ်းများအသုံးပြု၍၎င်း
ယုတ်ညံ့သောဆေးဝါးများတိုက်ကျွေး၍၎င်း
ကာမရယူလက်ထပ်ခြင်း ဘာသာသို့သွတ်သွင်းခြင်း။
(ဆ)ဘာသာမတူသည့် မိန်းကလေးများကို
အခြားဘာသာသို့ သွတ်သွင်းသည့်အခါ မိန်းကလေး၏ မူလဘာသာအထိမ်းအမှတ် အမှတ်အသားများကို
ယုတ်ညံ့အောင်ပြုလုပ်ပြီးမှ ဘာသာကူးပြောင်းစေခြင်း။
(ဇ)ဘာသာမတူသည့်မိန်းကလေးများကို လက်ထပ်
ယူသည့်အခါ ယခင်ကလည်းမိန်းမများရှိနေပြီး ယူပြီး
နောက်လည်းမိန်းမများထပ်ယူသဖြင့်
ဓလေ့ထုံးစံမတူညီ၍ ပြဿနာဖြစ်ရခြင်း။
(ဈ)လူဦးရေတိုးပွားရေးကို အလေးထားဆောင်ရွက်ပြီး
နယ်မြေသိမ်းပိုက်ခဲ့သဖြင့် ဖြစ်ပေါ်ခဲ့သော
သမိုင်းကြောင်းများအရ မကျေနပ်မှုများဖြစ်ရခြင်း။
(ည)ဘာသာမတူသည့် လူမျိုးခြား ဘာသာခြားများနှင့်
ခွဲခြားဆက်ဆံကာ အစားအသောက်မှအစ
ခွဲခြားနေထိုင်စားသောက်ခြင်း
မြန်မာနိုင်ငံအလံတော်အား
အလေးမပြုခြင်းအပါအဝင် နိုင်ငံတော်၏ဥပဒေကို
လေးစားမှုအားနည်းခြင်း။
လူမျိုးပေါင်းစုံငြိမ်းချမ်းစွာ
နေထိုင်နိုင်ရန်ဆောင်ရွက်ရမည့်နည်းလမ်းများ
®®®®®®®®®®®®®®®®®®
(၃)မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ
ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် အတွက် အောက်ပါအတိုင်း
ဆောင်ရွက်သင့်သည်ကို တွေ့ရှိရပါသည်။
(က)လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လိုက်နာရမည့်
ဘာသာကူးပြောင်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း
ဥပဒေပြဋ္ဌာန်းရန်လိုအပ်ခြင်း ။
(မှတ်ချက်။ ။
ဘာသာကူးပြောင်းမှုကို ဘာသာပေါင်းစုံ
စည်းကမ်းသတ်မှတ်၍
ဘုံသဘောတူညီချက်ပြုလုပ်ကာ ဥပဒေပြဋ္ဌာန်းခြင်း
လက်ထပ်ထိမ်းမြားရာတွင် ဘာသာမတူလျှင်
လက်ထပ်ထိမ်းမြားခြင်းမပြုပဲ ဘာသာတူအောင်
ဆောင်ရွက်ပြီးမှ လက်ထပ်စေခြင်းကို ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါသည်။)
(ခ)တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန်လိုအပ်ခြင်း
မှတ်ချက်။ (။ယောက်ျားတစ်ဦးသာ်
ဇနီးမယားများများယူလျှင်
အိမ်ထောင်ရေးပြဿနာများ ပစ္စည်းခန်းပြဿနာများ
ဖြစ်ပေါ်ကြသည် ထို့ကြောင့် မိန်းမတစ်ဦးထက်ပိုယူလျှင်
လုံလောက်သော စီးပွားရေးရှိရမည်ဖြစ်ပြီး
ပထမအိမ်ထောင်ရှင်အမျိုးသမီး၏
သဘောတူညီချက်ရှိရန်လိုအပ်ပါသည်။)
(ဂ)လူဦးရေထိမ်းညှိခြင်းပြုလုပ်ရန်လိုအပ်ခြင်း
(မှတ်ချက်။ ။
ကမ္ဘာ့နိုင်ငံများတွင် လူဦးရေအဆမတန်
တိုးပွားလာ၍
နေထိုင်မှု စားသောက်မှု ကိစ္စများတွင်
အခက်အခဲကြီးစွာ တွေ့ကြုံနေကြရပြီး
တရုတ်နိုင်ငံတွင် တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးစနစ်ကျင့်သုံးသည်
ပိုယူလျင် နိုင်ငံတော်ကို အခွန်များများပေးသွင်းရသည်။
ထိုကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ကလေးမွေးဖွားမှုကို
ကန့်သတ်ရန်လိုအပ်ပြီး ဇနီးတစ်ဦးတည်းရှိလျှင်
ကလေးပိုယူနိုင်သည်ကိုပါ ထည့်သွင်းသတ်မှတ်၍
ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါသည်။)
ဘာသာကူးပြောင်းခြင်း
လက်ထပ်ခြင်းပြုလုပ်နိုင်သည့်အသက်
@@@@@@@@@@@@@@@@@
၎။ မိမိမူလကတည်းက သဘောတူလျှင်
မူလဘာသာ၏ ဥပဒေဖြင့်သာဆုံးဖြတ်ရန်ဖြစ်ပါသည်။
(က)ဗုဒ္ဓဘာသာဝင်များအတွက်
မြန်မာဓလေ့ထုံးတမ်းဥပဒေ။
(ခ)ဟိန္ဒူဘာသာဝင်များအတွက်
၁၉၅၅ခုနှစ်ဟိန္ဒူဥပဒေ။
(ဂ)ခရစ်ယာန်ဘာသာဝင်များအတွက်
၁၈၇၂ ခုနှစ် ခရစ်ယာန်ဥပဒေ။
(ဃ)အစ္စလာမ်ဘာသာဝင်များအတွက် ၁၉၅၃ခုနှစ်
အစ္စလာမ် ဥပဒေ။
ဘာသာမတူသူနှင့် လက်ထပ်လိုလျှင်
@@@@@@@@@@@@@@@@
(၅) ဘာသာမတူသူနှင့် လက်ထပ်လိုလျှင်
@@@@@@@@@@@@@@@@@
(က)ဘာသာတူအောင်ဦးစွာဆောင်ရွက်ရမည်။
(ခ)ဘာသာကူးပြောင်းလိုလျှင် လွတ်လပ်သော အသက်အရွယ်ဖြစ်သည့် အသက်(၁၈)နှစ်၊ မိဘသဘောမတူလျှင်
အသက်(၂၀)နှစ် ဖြစ်ရန်လိုသည်။
(ဂ)ဘာသာကူးပြောင်းခြင်းကို သတ်မှတ်သည့်စည်းကမ်းချက်အတိုင်း
ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
(ဃ)လက်ထပ်ထိမ်းမြားခြင်းကို
သက်ဆိုင်ရာဘာသာများ၏
ဓလေ့ထုံးစံအတိုင်းဆောင်ရွက်ရန်ဖြစ်၏။
(င)ဟန်ဆောင်ဘာသာကူးပြောင်းခြင်းပြုလုပ်လျှင်
ထိရောက်စွာအရေးယူရန်ဖြစ်သည်။
ပြစ်ဒဏ်သတ်မှတ်ခြင်း
@@@@@@@@@@
၆။ပြဋ္ဌာန်းဥပဒေချိုးဖောက်လျှင်
(က)ရဲအရေးယူပိုင်သော အမှုသတ်မှတ်၍ ရဲစခန်း၌
အမ့ဖွင့်တိုင်ကြားရန်။
(ခ)အာမခံမပေးနိုင်သောပြစ်ဒဏ်သတ်မှတ်ရန်။
(ဂ)ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ်(၅)နှစ်မှ
(၁၀)နှစ်အထိ သတ်မှတ်ရန်။
(ဃ)ပြစ်မှုကျူးလွန်သည့် အဆောက်အဦးကို
လိုအပ်လျင် နိုင်ငံတော်ပိုင်သိမ်းရန်။
(င)အားပေးကူညီသူများကို ထိရောက်စွာအရေးယူရန်။
နိဂုံး
@@
၇။ ထိုဥပဒေသည် မြန်မာပြည်အတွင်းရှိ လူမျိုးပေါင်းစုံ
ဘာသာပေါင်းစုံအတွက် ငြိမ်းချမ်း အေးချမ်းရန်
လိုအပ်နေသောဥပဒေဖြစ်ပါသည်။
ဘာသာအသီးသီး၏ ပြဋ္ဌာန်းပြီး ဥပဒေများနှင့်
မဆန့်ကျင်ပါ။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များအတွက် ပြဋ္ဌာန်း
ဥပဒေမရှိသေးပေရာ
ဘာသာပေါင်းစုံလိုက်နာရေးအတွက်
လိုအပ်နေသောဥပဒေကိုပြဋ္ဌာန်းရန် တောင်းဆိုခြင်းသာဖြစ်ပါသည်။
မည်သည့်လူ့အခွင့်အရေးကိုမျှ ချိုးဖောက်ခြင်းမရှိပါ။
#ဘာသာမတူလျှင် #လက်မထပ်ရန်မဟုတ်ပဲ
#ဘာသာတူပြီးမှသာ
#လက်ထပ်ရန်တောင်းခြင်းဖြစ်ပါသည်။####
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့်
တိုင်းရင်းသား(၁၃၅)မျိုးနှင့် ဘာသာပေါင်းစုံအတွက်
ငြိမ်းချမ်း၊အေးချမ်းရေးလိုအပ်နေသော
#ဘုံသဘောတူညီချက် အနေဖြင့် လိုက်နာရမည့်
ဥပဒေများသာဖြစ်ပါ၍ ထိုဥပဒေအမြန်ဆုံးပေါ်ထွန်းရေး
ဝိုင်းဝန်းပါဝင်ဆောင်ရွက်သင့်ကြောင်း
တိုက်တွန်းလိုက်ရပါသည်။
ဦးအေးပိုင် (မဘသ(ဗဟို)ဥပဒေအကြံပေး)
မှရှင်းလင်းတင်ပြသည်
No comments:
Post a Comment