အင်း ငါ့နယ် အဖြေရကြပ်လိုက်တာနော်..
.ဒီမေးခွန်းကို မေးသူလာသူက တစိမ်းတစ်ယောက်မဟုတ်တော့ ဖြေတော့ ဖြေပေးရမှာပဲ ။
ဘယ်သူကမေးတာလဲဆိုရင် .ဦးကုမုဒဆိုတဲ့ ဦးဇင်းကိုယ်တိုင်ဖြစ်နေလို့ပါ....
ဘယ်လိုအဖြေပေးရမလဲ စဉ်းစားကြည့်တဲ့အခါ ..လက်ခံပါတယ်ဆိုရင်
ဘာသာရေးလူမျိုးရေး အစွန်းရောက်သူလို့ စွပ်စွဲမည့်သူတွေက
တစ်ပုံကြီးရှိနေတယ်......
လက်မခံပါဘူးလို့ ဖြေရင်လဲ ရဟန်းတစ်ပါးဖြစ်နေပီး အမျိုးဘာသာ
သာသနာစိတ်မရှိဘူးလို့ စွပ်စွဲမည့်သူတွေက ဒုနဲ့ဒေးဖြစ်နေတယ်..
တတ်နိုင်ပါဘူး..
ဒီကိစ္စက မြန်မာပြည်သူတရပ်လုံးအတွက် တကယ့်အရေးကြီးတဲ့မေးခွန်း ဖြစ်နေတော့
ကိုယ်သဘောထား ကိုယ့်အမြင်ကို ပွင့်ပွင့်လင်း ဖြေကြည့်တာပေါ့.....
သဘောထားချင်း မတိုက်ဆိုင်လို့ ဝေဘန် ပြစ်တင်မယ်ဆိုလဲ အပြစ်မမြင်ဘဲ ချစ်ခင်
မေတ္တာစိတ်နဲ့ ခွင့်လွှတ်ရမှာပေါ့...
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဆိုတာ ဒီမိုကရေးစီစနစ်ရဲ့ အနှစ်သာရဆိုလား
ဘာဆိုလား ကြားဘူးတာပဲ...
ဦးဇင်းသုံးသပ်မိသလောက်တော့ တကယ်တမ်း မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက
အမျိုးဘာသာသာသနာကို စောင့်ထိန်းဖို့ လိုတယ် မလိုဘူးဆိုတာမဟုတ်ပါဘူး..
ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းဖို့ လို၊ မလိုဆိုတာ အဓိကဖြစ်နေတာပါ.
.ပြဌာန်းရင် လူ့အခွင့်အရေးနဲ့ မကိုက်ညီဖြစ်မယ်...ဒီမိုကရေစီလမ်းစဉ်နဲ့
သွေဖယ်မယ်လို့ ပြောကြပီး. .မပြဌာန်းရင် အမျိုးဘာသာသာသနာအတွက် အန္တရာယ်တွေ
ကြီးထွားလာမယ်....ဒီလို ငြင်းခုံနေကြတာပါ..
သမိုင်းကြောင်းအရကြည့်မယ်ဆိုရင် မြန်မာနိုင်ငံသား အများစုဟာ
ဘိုးစဉ်ဘောင်ဆက် ဘွားလက်ထက်ကထဲက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်..ဗုဒ္ဓဘာသာသနာကို
ထူထောင်ခဲ့တဲ့ သာကီဝင်နွယ်ဘွား ဂေါတမဘုရားရှင်ရဲ့
အမျိုးနွယ်တွေဖြစ်တယ်ဆိုပီး သာကီမျိုးဟေ့ တို့ဗမာလို့
ခေတ်အဆက်ဆက်ကြွေးကြော်လာခဲ့ကြတယ်...ဂေါတမဗုဒ္ဓကလဲ မျိုးစောင့်ဥပဒေလို့သာ
နာမည်မတတ်ခဲ့တာ အမျိုးကို စောင့်ထိန်းရမယ်လို့ ..စောင့်လေမျိုးနွယ်ဆိုပီး
သားသမီးကျင့်ဝတ်ထဲမှာ ထည့်သွင်းဟောကြားခဲ့တယ်ဆိုတာ
အထင်းအရှားရှိနေပြန်တယ်..ဒီအချက်ကို ကြည့်ရင်
ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းမှာ မျိုးစောင့်ဥပဒေရှိရှိ မရှိရှိ
အမျိုးဘာသာသာသနာကို စောင့်ထိန်းရမယ်ဆိုတာ မွေးရာပါ
တာဝန်ဝတ္တရားတစ်ခုဖြစ်တယ်ဆိုတာ ငြင်းစရာမလိုဘူးဖြစ်နေပါတယ်.
ဒီလိုဆို မျိုးစောင့်ဥပဒေကို အရှင်ဘုရားက လက်ခံတယ်ပေါ့လို့
စောဒကတက်စရာရှိပါတယ်..
ဟုတ်ကဲ့ ဥပဒေကျောင်းသားမဟုတ်လို့ ဥပဒေအပိုင်းကို ဂဃနန မသိတာကြောင့်
မဝေဘန်လိုပါဘူး၊ ဖလော်ကျောင်းသားတစ်ယောက်အဖြစ် Ethical Teachings Of The
Buddah .ဗုဒ္ဓဟောကြား ကိုယ်ကျင့်တရားဆိုတဲ့ခေါင်းစဉ်နဲ့ ကျမ်းပြုနေတာကြောင့်
လေ့လာသိရှိထားတဲ့ ကိုယ်ကျင့်တရားအပိုင်းက ပြောရမယ်ဆိုရင်
အမျိုးဘာသာသာနာကို လူတိုင်းလူတိုင်း စောင့်ထိမ်းသင့်ပါတယ်လို
အဖြေပေးချင်ပါတယ်...
..ဗုဒ္ဓဘာသာမြန်မာလူမျိုးမှ မဟုတ်ပါဘူး..အခြားဘာသာ၊ အခြားလူမျိုးများလည်း
မိမိတို့ရဲ့ အမျိုးဘာသာသာသနာကို စောင့်ထိန်းသင့်ပါတယ်..ကမ္ဘာ့နိုင်ငံ
အသီးသီးမှာ ဒီလို စောင့်ထိန်းကြတာလည်း တွေ့ရပါတယ်..ဒါက
ကိုယ်ကျင့်တရားအပိုင်းက ပြောတာပါ..
ဒီကိစ္စကို .ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းဘို့ သင့်မသင့်ဆိုတာကတော့
နိုင်ငံရေးအပိုင်း လူ့အခွင့်ရေးအပိုင်းနဲ့ဆိုင်နေလို့ ဝေဖန်ဆွေးနွေး
အဖြေပေးနိုင်ဖို့ ဥပဒေ ဘွတ်အုပ်ကြီးတွေနဲ့ လူ့အခွင့်ရေး
ကြေငြာစာတမ်းကြီးတွေကို လေ့လာကြည့်ရပါအုံးမယ်..
တကယ်တမ်းပြောရရင် အမျိုးဘာသာသာသနာကို
စောင့်ထိန်းဖို့ဥပဒေတစ်ရပ်အဖြစ်ပြဌာန်းထား လို့ မဖြစ်မနေလိုက်နာရတယ်ဆိုကထဲက
အဲဒီလူရဲ့ ဘာသာတရားအပေါ် ယုံကြည်သက်ဝင်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်၊
တကယ်ခိုင်မြဲတဲ့ ယုံကြည့်သက်ဝင်မှုမဟုတ်ရင် တာရှည်မခံပါဘူး..တကယ်တော့
အမျိုးသားရေးနဲ့ ဘာသာရေးဆိုတာ လူတစ်ဦးချင်းစီရဲ့ ကိုယ်တိုင်စိတ်ခံစားမှုက
အဓိကကျတာပါ.
အဲဒီတော့ ကြားချပီး ဖြေပေးချင်ပါတယ်..ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းက
အမျိုးဘာသာသာသနာကို တန်ဘိုးထားပီး လိုက်နာမယ်လို့ နှစ်နှစ်ကာကာ
ယုံကြည်မှုနဲ့ ကတိက၀တ်ကဲသို့ပြုဖို့လိုတာပါပဲ.. .ဒါဆိုရင် ဥပဒေမပြဌာန်းလဲ
အမျိုးဘာသာသာသနာအတွက် အန္တရာယ်ရှိမလာနိုင်တော့ဘူးဆိုနိုင်ပါတယ်.....
ဒီအတွက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ကိုယ့်စည်းရိုးကို
လုံးအောင်ကာရမယ်ဆိုတဲ့ အသိစိတ်လေးမွေးပီး ဘုရားဟောဒေသာနာတော်အညီ
နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်.
.ဒါမှသာ လတ်တလော မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ ဖြစ်ပေါ်နေတဲ့ ဒီပြဿနာတွေက
အေးငြိမ်းမှာပါ...
အဲလိုမှ မဟုတ်ရင်တော့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပီး သဘောထားကွဲလွဲကာ
ငြင်းခုံနေတာနဲ့ပဲ ခေတ်မီဖွဲ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်စီကို
ဦးတည်သွားနေပါတယ်ဆိုတဲ့ မြန်မာ့နိုင်ငံရေးစနစ်ဟာ ဆီဆုံမှာတပ်ထားတဲ့နွားလို
ခြာလပတ်လည်ပီးရင်း လည်နေမယ်လို့ သုံးသပ်မိပါတယ်ခင်များ.......
အရှင်ကုမုဒြာ Bawdhitahtaung Facebook
No comments:
Post a Comment