Sunday, 6 September 2015

❆ များစွာ ထိုမျှ ၊ ဤ​လောက၌၊ ဘ၀လူ့​ဘောင်​၊ ကံမ​ဆောင်​မူ၊ မ​ပြောင်​တတ်​​ချေ၊ တ​ပေ​ပေတည့်​၊လှုပ်​​လေမြုပ်​​လေ၊ ငုတ်​တုတ်​​သေ၏၊ အ​ချေမရ၊ ​နေမလှဘူး။
❆ ကမ္မသကာ၊ သတ္တ၀ါတို့၊ ကံသာဖမိ၊ ကံမရှိက၊ ဉာဏ်​ချိတိုင်းမွဲ၊ ကြံတိုင်းလွဲ၏၊ ဆင်းရဲဖို့သာ၊ ကြံရာရာလျှင်​၊မိစ္ဆာနတ်​စုန်း၊ ၀ိုင်း၍မုန်းသို့၊ ပျက်​ပြုန်းရခြင်း၊ အယွင်းယွင်းတည့်​။
❆ ကံရင်​မူလ၊ ၀ီရိယနှင့်​၊ ဉာဏ​ထောက်​ကူ၊ ရှိသည့်​သူမှာ၊ လူတွင်​လူလွန်​၊ လွှားတံခွန်​သို့၊ လူမွန်​တစ်​​ယောက်​၊ တစ်​​ခေါ်​လောက်​​အောင်​၊ ခါ​ရောက်​ချိန်​ဆုံး၊ တုမဲ့နှုန်း၍၊ ​ရွှေဘုန်း​မော်​ရမည်​ကိုကား။
❆ အန္ဓဗာလ၊ လူထိုမျှတို့၊ ကမ္မ၀ီရိယ၊ မယုံကြဘူး၊ သီဝမ​ဟေ၊ ပရ​မေသုရာ၊ ဗြဟ္မာဗိဿနိုး၊ကမ္ဘာစိုးနှင့်​၊ တန်​ခိုးကြီးမား၊ နတ်​ဘုရားတို့၊ ​ပေးစားဖန်​ဆင်း၊ ဖြစ်​တုံလျင်းဟု၊ ချွတ်​ယွင်းသမှု၊ အမှားရှုသည်​၊ ​တောင်​သူ့ယူ​လေ့ယူလာတည်း။

No comments:

Post a Comment